Peptic ulcer (အစာအိမ်နှင့် အူလမ်းကြောင်းတွင် အနာပေါက်ခြင်း)
Peptic ulcer ရဲ့အဓိက symptom ကတော့ abdominal pain (၀မ်းဗိုက်တွင် အလွန်နာကျဉ်စွာ အောင့်ခြင်း)ဖြစ်ပါတယ်။အဲလို နာကျဉ်ရတာဟာ acid တွေက ulcer(အနာ)ကို လာထိလို့ဖြစ်ပါတယ်။မိနစ်အနည်းငယ်ကနေ နာရီပိုင်းအထိ အောင့်တတ်ပါတယ်။စားချင် သောက်ချင်စိတ်ပျောက်ပြီး အလေးချိန်လည်း ကျလာတတ်ပါတယ်။မူးဝေခြင်းနှင့်အော့အန်ခြင်းများလည်း ဖြစ်တတ်ပါတယ်။အလွန်အလွန်ဆိုးဝါးသော case တွေမှာသော သွေးအန်ခြင်း(hematemesis)ဖြစ်နိုင်ပါတယ်ရှင်။
ဘယ်လိုကုသမလဲဆိုရင်တော့ bacteria ကို သတ်ခြင်း(antibiotics ပေးပြီး) နဲ့ အစာအိမ်ထဲက HCl acid ထွက်မှုကိုလျော့ချခြင်းတို့ဖြစ်ပါတယ်။
Drugs or antibiotics
-amoxicillin (Amoxil)
-clarithromycin(Biaxin)
-metronidazole (Flagyll)
(ဆရာဝန်ညွန်ကြားချက်လို)
To reduce acid concentration in stomach
ranitidine (Zantac), famotidine (Pepcid), cimetidine(Tagamet) and nizatidine (Axid)
ဆေးအားလုံးကတော့ ဆရာဝန်ညွန်ကြားချက်လိုပါတယ်ရှင်။
Antacids (အက်စစ်ကို ဓါတ်ပါယ်အောင်လုပ်ပေးသော ဆေး) regimen ကိုတွဲပေးခြင်းကလည်း သက်သာစေပါတယ်။
အကယ်လို့ ဆေးတွေ 0n တဲ့ကြားမှာ မသက်သာဘူး ulcer က အနာကျက်မသွားဘူးဆိုရင်တော့ ခွဲစိပ်ရပါလိမ့်မယ်။ဘယ်လိုအခြေအနေမျိုးမှာ ဆေးက အာနိသင်မပြတာလဲဆိုရင်ပုံမှန် ဆေးလိပ်သောက်သူတွေ၊အရက်သောက်သူတွေ တွေမှာ ဆေးအာနိသင်မပြတတ်ပါဘူး။
အစာအိမ်ရောဂါဝေဒနာဟာလည်း အသက်အန္တရာယ်စိုးရိန်ရတဲ့အထဲပါတဲ့အတွက် သေချာဂရုစိုက်ကြဖို့လိုပါတယ်။အစာကို အချိန်မှန် စားပြီး စီးကရက်သောက်ခြင်းကိုလည်း လျော့ချပစ်ဖို့လိုအပ်ပါတယ်။အစာကို ပုံမှန်မစားနိုင်ပါက ချိုချဉ်ငုံပေးခြင်း စသော သရေစာမုန့်များကလည်း အက်စစ်တိုက်စားခြင်းကို အတော်အတန် လျော့ချပေးနိုင်ပါတယ် (ချောင်းဆိုးရင်တော့ မပြောနဲ့နော်
)။
အားလုံးရောဂါဘယကင်းဝေးကြပါစေလို့ ဆန္ဒပြုလျက်
စာရေးသူ – ပန်းရင့်ရောင်








လေးဘက်နာလို့ မြန်မာပြည်ကလူတွေခေါ်ကြတဲ့ ရောဂါအကြောင်းလေး ရေးပေးစေချင်ပါတယ်။ အဲဒီရောဂါအကြောင်းက ဘယ်သူမှ အရေးထားပြီး မရေးကြတော့ ရှာဖတ်လို့လည်းမရဘူး။ ကျွန်မဘဲ မတွေ့လို့လားမသိဘူး ပတ်ဝန်းကျင်မှာတော့ အမျိုးသမီးတော်တော်များများကို ဖြစ်နေတာတွေ့ရတယ်။ အသက်အန္တရာယ်နဲ့မနီးပေမယ့် အမြဲတမ်းအလုပ်လုပ်နေကြရတဲ့သူတွေအဖို့တော့ တော်တော်စိတ်ညစ်စရာကောင်းတာပါ တစ်ခါတစ်လေ လူပျင်းကြီးလို့ အခြားသူ အထင်မှားစရာကြီး ကိုယ်တိုင်လည်း ဖြစ်နေလို့ပါ။