အဖွဲ့အစည်း ဖွဲ့စည်းပြီဆိုတာနဲ့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ရှိပြီး ဖြစ်ရပါတယ်။ အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်မယ့် လုပ်ဆောင်ချက်တွေကိုလည်း နေရာတကျစီမံခန့်ခွဲရပါမယ်။ ပြီးတော့ အဲဒီလုပ်ဆောင်ချက်တွေအပေါ် လိုအပ်တဲ့ ထိန်းချုပ်မှု့တွေ ရှိရပါမယ်။ ဒီလိုအချက်အလက်တွေ ပြည့်စုံမှု့ ရှိမှ အဖွဲ့အစည်းလို့ ခေါ်နိုင်မှာပါ။ ပြီးတော့ အဖွဲ့အစည်းတွေ ဘာလို့ ဖွဲ့ကြသလဲဆိုရင် တစ်ဦးတစ်ယောက်တည်း မဆောင်ရွက်နိုင်တဲ့ အရာတွေကို စုပေါင်းလုပ်ဆောင်မှု့မှ အောင်မြင်မှု့ရနိုင်ဖို့ ဖွဲ့စည်းရခြင်းပဲ ဖြစ်တယ်။ အဖွဲ့အစည်းဖွဲ့ခြင်းမှ ရတဲ့ အကျိုးကျေးဇူးတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဗဟုသုတကျွမ်းကျင်မှု့တွေ ဖလှယ်နိုင်မယ်။ အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ အတွက် အလုပ်ပြီးမြောက်မှု့ မြန်လာပြီး အချိန်ကုန် သက်သာလာမယ်။ လုပ်ငန်းက သင်မယ့် အတွေ့အကြုံတွေ ရရှိလာမယ်။ တစ်ဦးတစ်ယောက်တည်း လုပ်ရင် မရှိနိုင်တဲ့ စွမ်းအားမျိုး အဖွဲ့အစည်းနှင့် လုပ်ကိုင်လျှင် [...]
စီးပွားရေးလုပ်ဆောင်ချက်တစ်ခုရဲ့  Externality ဆိုတာကတော့ လုပ်ဆောင်ချက်မှာ မပါဝင်တဲ့ ပြင်ပလူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု့ပဲ ဖြစ်ပါတယ်။ ကောင်းတဲ့ အကျိုးသက်ရောက်မှု့မျိုးကို external benefit လို့ခေါ်ပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု့ကိုတော့ external cost လို့ခေါ်ပါတယ်။ ဥပမာ – စက်ရုံတစ်ရုံရဲ့  လုပ်ငန်းလည်ပတ်မှု့ကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက လေထုညစ်ညမ်းမှု့၊ ရေထုညစ်ညမ်းမှု့ ဖြစ်စေတယ်ဆိုရင် ဒါဟာ external cost or negative externality ကို ဖြစ်စေတယ်လို့ သတ်မှတ်ပါတယ်။ ဥပမာ- ပျားမွေးမြူရေးလုပ်ငန်းမှ ပျားတွေမွေးတဲ့ အတွက် ပျားရည်စတဲ့ ထုတ်ကုန်တွေရရှိတဲ့အပြင် အနီးပတ်ဝန်းကျင်ရှိ သီးနှံပင်များအပါ် ဝတ်မှုန်ကူးခြင်းဖြစ်ထွန်းစေတဲ့အတွက် သီးနှံပင်တွေသန်စွမ်းပွားများရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဒီလိုမျိုး အကျိုးဖြစ်ထွန်းစေတာကို external benefit or positive [...]
Inflation In Economics, Inflation is a rise in the general level of prices of goods and services in an economy over a period of time. ဈေးနှုန်းတွေ တက်လာတဲ့ အတွက် အရင်ကထက် ငွေကြေးတစ်ယူနစ်မှာ ဝယ်ယူနိုင်တဲ့ goods and services ပမာဏလျော့ကျလာပါတယ်။ ဥပမာ- အရင်တုန်းက ငွေတစ်ကျပ်နဲ့ ဝယ်လို့ ရတဲ့ ပစ္စည်းကို အခုမှာ ၁၀၀ ပေးပြီး ဝယ်ရတာမျိုးပါ။ ဒါကြောင့် ငွေကြေးဖောင်းပွမှု့ (Inflation) ဖြစ်လာပြီဆိုရင် ဝယ်နိုင်စွမ်းအား (Purchasing Power) လျော့ကျသွားပါတယ်။ ငွေကြေးဖောင်းပွမှု့က အနည်းငယ်သာဖြစ်ရင်တော့ [...]
ဒီတစ်ခါ ဆင်းရဲမှု့ကို လျော့ချနိုင်စေဖို့ Strategies တွေ အကြောင်း ဆွေးနွေးကြရအောင်။ Economic Growth စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု့က ဆင်းရဲမှု့လျော့ချခြင်းမှာ အများကြီးအရေးပါပါတယ်။ Good Governance က Economic development အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါဆို Good Governance ကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲ မေးစရာရှိလာပါတယ်။ Development policies တွေကို ချမှတ်လမ်းညွှန်ရမယ်။ ဒီ Policies တွေကို ထိထိရောက်ရောက် ဘယ်လိုဆောင်ရွယ်မယ်. ဘယ်လိုနည်းလမ်းတွေ သုံးမလဲ အခြေခံပါတယ်။ ဒီလို အကောင်အထည်ဖော်ရမှာ ငွေကြေးလိုအပ်ချက်တွေကို UNDP လိုမျိုး International Aid Agencies တွေကနေ ဘဏ္ဍရေးဆိုင်ရာ အကူအညီအထောက်အပံ့အနေနဲ့ ရယူနိုင်ပါတယ်။ ဝင်ငွေခွဲဝေဖြန့်ဖြူးမှု့ကွာဟခြင်းကို Government ကနေ Transfer [...]
1. Public good ဆိုတာ တစ်ဦးတစ်ယောက်ရဲ့  သုံးစွဲခြင်းက တခြားသူတွေရဲ့  သုံးစွဲနိုင်မှု့ကို ထိခိုက်မှု့၊ လျော့ကျမှု့ မရှိနိုင်ကြောင်း ဆိုလိုတာပါ။ တစ်ဦးရဲ့  သုံးစွဲနိုင်မှု့ကို နောက်တစ်ဦးက တားမြစ်ပိုင်ခွင့်မရှိသလို သုံးစွဲမှု့ကို ဖယ်ထုတ်လို့လည်း မရပါဘူး။ ဥပမာ – မီးပြတိုက်ကို သင်္ဘောတိုင်းက လမ်းညွှန်အဖြစ် အသုံးပြုနေကြပေမယ့်လည်း ဒီမီးပြတိုက်ကို သုံးစွဲနိုင်မှု့ ၊ အသုံးချနိုင်မှု့ အနေအထားလျော့ကျသွားခြင်းမရှိပါဘူး။ အဲဒီသဘောပါ။ 2. Private Good – Public good ရဲ့  ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ Public Good လိုမျိုး Free good သဘောမျိုးမဟုတ်ပါဘူး။ ဒီကုန်စည်ကို ဝယ်နိုင်စွမ်းအားမရှိတဲ့ သူတွေကို အလိုလိုဖယ်ထုတ်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် [...]
Poverty ဆင်းရဲမွဲတေမှု ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုကြမလဲ။ စီးပွားရေးရှု့ထောင့် (Economic aspects of poverty) မှာ Absolute concept နဲ့ Relative concept ဆိုပြီး concept နှစ်မျိုးရှိပါတယ်။ Absolute concept of poverty အရ အနည်းဆုံး ရှိသင့်တဲ့ လူနေမှု့အဆင့်အတန်း (minimum standard of living) ထက် နိမ့်ကျနေရင် ဒါဟာ ဆင်းရဲတာပါပဲလို့ သတ်မှတ်ထားပါတယ်။ သောက်သုံးရေ၊ အစားအစာ၊ နေစရာ အစရှိတဲ့ ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့ အရာတွေ ရသင့်သလောက်မရဘဲ ၊ရှိသင့်သလောက်မရှိဘဲ လိုအပ်နေခြင်းကို ဆိုလိုပါတယ်။ Relative concept of poverty အရဆိုရင်တော့ လူတစ်ယောက်ဟာ ရှိသင့်တဲ့ ပျမ်းမျှဝင်ငွေ ပမာဏအောက် [...]
Economy မှာ အကန့်အသတ်နဲ့ ရှိတဲ့ ရှားပါးသံယံဇာတ အရင်းအမြစ်တွေ ( limited Scarce Resources) တွေကို အကောင်းဆုံး အကျိုးအမြတ်ရအောင် ဘယ်လိုခွဲဝေအသုံးပြုရမယ်ဆိုတာကို ပထမဦးစွာလေ့လာကြည့်ရအောင်။ အခြေခံအရင်းအမြစ်တွေကတော့ အကြမ်းအားဖြင့် Physical Resources တွေပဲ ဖြစ်ပါတယ်။ Economy မှာ အဲဒီ Physical Resources တွေက အကန့်အသတ်နဲ့ သာ ရရှိနိုင်တာပါ. Limited Resources လို့ ဆိုရာမှာ မြေယာ (Land) ၊ လုပ်သား (Labour)၊ အရင်းအနှီး(Capital) နဲ့ လုပ်ငန်းပေါ်မူတည်တဲ့ တခြားအချက်အလက် (Other Factors) တွေ ဖြစ်နိုင်ပါတယ်။ ဥပမာ – လယ်သမားတစ်ယောက်က စပါးနဲ့ ဂျူံကို စိုက်မယ်ဆိုပါတော့။ ဒါပေမယ့် သူ့မှာ [...]






