စီးပွားရေးလုပ်ဆောင်ချက်တစ်ခုရဲ့  Externality ဆိုတာကတော့ လုပ်ဆောင်ချက်မှာ မပါဝင်တဲ့ ပြင်ပလူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု့ပဲ ဖြစ်ပါတယ်။ ကောင်းတဲ့ အကျိုးသက်ရောက်မှု့မျိုးကို external benefit လို့ခေါ်ပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု့ကိုတော့ external cost လို့ခေါ်ပါတယ်။
ဥပမာ – စက်ရုံတစ်ရုံရဲ့  လုပ်ငန်းလည်ပတ်မှု့ကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေက လေထုညစ်ညမ်းမှု့၊ ရေထုညစ်ညမ်းမှု့ ဖြစ်စေတယ်ဆိုရင် ဒါဟာ external cost or negative externality ကို ဖြစ်စေတယ်လို့ သတ်မှတ်ပါတယ်။
ဥပမာ- ပျားမွေးမြူရေးလုပ်ငန်းမှ ပျားတွေမွေးတဲ့ အတွက် ပျားရည်စတဲ့ ထုတ်ကုန်တွေရရှိတဲ့အပြင် အနီးပတ်ဝန်းကျင်ရှိ သီးနှံပင်များအပါ် ဝတ်မှုန်ကူးခြင်းဖြစ်ထွန်းစေတဲ့အတွက် သီးနှံပင်တွေသန်စွမ်းပွားများရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဒီလိုမျိုး အကျိုးဖြစ်ထွန်းစေတာကို external benefit or positive externality လို့ သတ်မှတ်ပါတယ်။
ဒါကတော့ special type of externality ပဲ ဖြစ်ပါတယ်။ အခြေအနေတစ်ခုပေါ်မှာ နှိုင်းယှဉ်ပြီး ranking စီလိုက်တဲ့အပေါ် မူတည်ပါတယ်။ ဥပမာ- Overeducation သဘောမျိုးပါ။ Labour Market Demand အရ Bachelor အဆင့်ကို လိုအပ်နေတဲ့အချိန်မှာ Master Degree ရ့ပြီးသားလူတစ်ယောက်အလုပ်လျှောက်တဲ့အခါ economically အရ efficient မဖြစ်နိုင်တော့ပါဘူး။
ဒါဆိုရင် Externality ကို ဘယ်လို ဖြေရှင်းနိုင်မလဲ အဖြေကို လေ့လာကြည့်ပါမယ်။
ဥပမာ- မူးယစ်ဆေးဝါးကို Public Health Law နဲ့ အညီ ကျန်းမာရေးလိုအပ်ချက်အရ အသုံးပြုခွင့်ပေးထားခြင်းမျိုးပါ။ ဒါကိုချိုးဖောက်တယ်ဆိုရင်တော့ ရာဇဝတ်မှု့မြောက်စေတဲ့အနေနဲ့ Negative externality ကို တားဆီးပေးခြင်းတစ်မျိုး ဖြစ်ပါတယ်။
တချို့လုပ်ငန်းတွေမျိုးမှာဆိုရင် external cost အများကြီးသက်ရောက်စေနိုင်တဲ့အတွက် ဥပဒေပြဌာန်းခြင်းအားဖြင့် ကာကွယ်ပေးနိုင်ပါတယ်။
ဥပမာ- အစိုးရက မီးပြတိုက် ၊ ပညာရေးဆိုင်ရာ ၊ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို ပေးအပ်ခြင်းဖြင့် ကြိုတင်ဖြေရှင်းနိုင်ပါတယ်။
ဥပမာ- ထုတ်လုပ်မှု့မှ လက်ခံနိုင်လောက်သော အတိုင်းအတာအရ သဘာဝညစ်ညမ်းမှု့ဖြစ်စေတဲ့ လုပ်ငန်းတွေကို အခွန်စည်းကြပ်မယ်။ နစ်နာမှု့ရှိတဲ့သူတွေကို ထောက်ပံကြေးပေးအပ်ခြင်းနဲ့ externality ကို အတတ်နိုင်ဆုံး လျော့ချမယ်။
အထက်ပါ အချက်လေးချက်ကတော့ Government Intervention အနေနဲ့ Externalities ကို ထိန်းချုပ်ခြင်းပါ။
(၁)မူပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေ သတ်မှတ်ထားနိုင်ရမယ်။
(၂) လူတွေကလည်း ကျိုးကြောင်းဆက်စပ်စွာ ပြုမူဆောင်ရွက်နိုင်ရမယ်။
(၃) Transaction Cost ကလည်း နည်းနိုင်သမျှ နည်းရမယ်။
ဒီသုံးချက်နဲ့ ညီညွှတ်ရင်တော့ Private Parties တွေအနေနဲ့ Externality Problem တွေကို ဖြေရှင်းနိုင်ပါတယ်လို့ Coase Theorem က ဆိုပါတယ်။
ဒါပေမယ့် အချို့သော အခြေအနေမျိုးမှာတော့ အသုံးချလို့မရနိုင်ပါဘူး။ ဆိုပါတော့။ စတီးထုတ်လုပ်တဲ့ လုပ်ငန်း၊ သက်ရောက်မှု့အနေနဲ့ ညစ်ညမ်းမှု့ကြောင့် လုပ်သားတွေရဲ့ အဆုတ် ပျက်စီးမယ်။ အသက်အန္တရာယ်ထိခိုက်လာနိုင်သည်အထိ ဖြစ်နိုင်တယ်။






