ဒီတစ်ခါ ဆင်းရဲမှု့ကို လျော့ချနိုင်စေဖို့ Strategies တွေ အကြောင်း ဆွေးနွေးကြရအောင်။
Economic Growth စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု့က ဆင်းရဲမှု့လျော့ချခြင်းမှာ အများကြီးအရေးပါပါတယ်။ Good Governance က Economic development အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါဆို Good Governance ကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲ မေးစရာရှိလာပါတယ်။ Development policies တွေကို ချမှတ်လမ်းညွှန်ရမယ်။ ဒီ Policies တွေကို ထိထိရောက်ရောက် ဘယ်လိုဆောင်ရွယ်မယ်. ဘယ်လိုနည်းလမ်းတွေ သုံးမလဲ အခြေခံပါတယ်။ ဒီလို အကောင်အထည်ဖော်ရမှာ ငွေကြေးလိုအပ်ချက်တွေကို UNDP လိုမျိုး International Aid Agencies တွေကနေ ဘဏ္ဍရေးဆိုင်ရာ အကူအညီအထောက်အပံ့အနေနဲ့ ရယူနိုင်ပါတယ်။
ဝင်ငွေခွဲဝေဖြန့်ဖြူးမှု့ကွာဟခြင်းကို Government ကနေ Transfer Payment နည်းလမ်းနဲ့ တနည်းတလမ်း ပြေလည်စေနိုင်ပါတယ်။ Transfer Payment အနေနဲ့ ဘဏ္ဍရေးဆိုင်ရာထောက်ပံမှု့တွေပေးခြင်း၊ တချို့သော လုပ်ငန်းတွေမှာ ထောက်ပံမှု့ (subsidies) ပေးခြင်းတို့ ပါဝင်ပါတယ်။
ဆင်းရဲမှု့ကို လျော့ချဖို့အတွက် အသုံးများပြီး အောင်မြင်တဲ့ policies ကတော့ သွင်းကုန်တွေကို အစားထိုးခြင်း(Import substitution)နဲ့ ပို့ကုန်လုပ်ငန်းတွေကို တိုးတက်စေခြင်း(improve export industries)တို့ ဖြစ်ပါတယ်။ သွင်းကုန်တွေကို ပြည်တွင်းမှာသာ ထုတ်လုပ်သောကြောင့် နိုင်ငံခြားမှ မှာယူခြင်းမရှိသည့်အတွက် ကုန်ကျစားရိတ်တွေသက်သာလာပါတယ်။ ပြည်တွင်းမှာပင် ထုတ်လုပ်မှု့လုပ်ငန်းတွေ လုပ်ဆောင်ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖွင့်လှစ်ပေးနိုင်မှာပါ။ ချမ်းသာသောနိုင်ငံများသို့ ပို့ကုန်တွေ တင်ပို့နိုင်ဖို့ အစိုးရက ကူညီအားပေးဆောင်ရွက်နိုင်ပါတယ်။ ဒီလို ပို့ကုန်တွေ တင်ပို့ခြင်းကြောင့် နိုင်ငံခြားဝင်ငွေရှိလာနိုင်ပါတယ်။
နောက်နည်းလမ်းတစ်ခုကတော့ မြေယာပိုင်ဆိုင်မှု့မညီမျှခြင်းကို လျော့ချဖို့အတွက် မြေယာခွဲဝေဖြန့်ဖြူးမှု့ ဖြစ်ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲမှု့ကို လျော့ချပေးနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍဟာ လုပ်သားတွေအပေါ် အဓိက အားထားတဲ့ လုပ်ငန်းဖြစ်တာကြောင့် ကျေးလက်လူထုအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်း များပြားလာပြီး ထုတ်လုပ်နိုင်စွမ်းအား မြင့်မားလာနိုင်ပါတယ်။ ကျေးလက်ဒေသတွေမှာ လယ်သမားနှင့်တောင်သူတွေဟာ သူတို့ပိုင်မြေယာလေးမှာ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် အမြတ်များကို စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးမှု့နဲ့ ဆင်းရဲမှု့လျော့ချရေး အတွက် နောက်ထပ် လူသိများတဲ့ နည်းလမ်းတစ်ခုကတော့ စီးပွားရေးအဆင်ပြေချောမွေ့ဖို့ လိုအပ်တဲ့ ရင်းနှီးငွေအတွက် အသေးစားချေးငွေ ထုတ်ချေးခြင်းဖြစ်ပါတယ်။ ဥပမာ- အစိုးရက လယ်သမားတွေ သီးနှံမျိုးစေ့တွေ၊ လယ်ယာစက်ကိရိယာတွေ ဝယ်ဖို့ စိုက်ပျိုးရေးဘဏ်မှတဆင့် ချေးငွေထုတ်ချေးတဲ့ သဘောမျိုးပါ။
အချို့နိုင်ငံတွေမှာ အမျိုးသမီးတွေကို လူမှု့ရေးဆိုင်ရာ၊ ယဉ်ကျေးမှု့ဆိုင်ရာအရ ဖိနှိပ်ထားခြင်းမျိုးရှိပါတယ်။ တကယ်လို့ အမျိုးသမီးတွေကသာ ပညာရေးနှင့် စီးပွားရေးမှာ အခွင့်အလမ်းတွေ ပိုမိုရရှိခဲ့ရင် လူသားအရင်းအမြစ်ဖွံဖြိုးမှု့အနေနဲ့လည်း ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ပညာတတ်အမျိုးသမီးတွေများပြားလာခြင်းက သူတို့ရဲ့  မိသားစုအပြင် ပတ်ဝန်းကျင်ကိုပါ အကျိုးပြုလာနိုင်စေပါတယ်။ သားဆက်ခြားခြင်း၊ ကျန်းမာရေးအသိပညာ ရှိခြင်းနှင့် မိသားစုစီမံကိန်းများကိုပါ သိရှိကျင့်သုံးလာပြီး ပိုမိုကောင်းတဲ့ ဘဝအနေအထားကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ဖွံဖြိုးမှု့ဆိုင်ရာ အထောက်အပံ(Development Aids)တွေ ရယူတာဖြစ်ပါတယ်။ ဖွံဖြိုးပြီးနိုင်ငံတွေက သို့မဟုတ် ကုလသမဂ္ဂဆိုင်ရာဖွံဖြိုးမှု့ အဖွဲ့အစည်းတွေက ပေးအပ်ထောက်ပံ့တာဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ(Non-Governmental Organization)ကလည်း သက်ဆိုင်ရာ နယ်ပယ် အခန်းကဏ္ဍတွေမှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခွင့်ရသောကြောင့် ဖွံ့ဖြိုးရေးမှာ တစ်ထောင့်တစ်နေရာကနေ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။







Review…
It’s really a great and helpful piece of info. I’m glad that you just shared this helpful information with us. Please keep us informed like this. Thank you for sharing….
Review…
It’s actually a cool and useful piece of information. I am satisfied that you shared this helpful info with us. Please stay us informed like this. Thank you for sharing….