1. Public good ဆိုတာ တစ်ဦးတစ်ယောက်ရဲ့  သုံးစွဲခြင်းက တခြားသူတွေရဲ့  သုံးစွဲနိုင်မှု့ကို ထိခိုက်မှု့၊ လျော့ကျမှု့ မရှိနိုင်ကြောင်း ဆိုလိုတာပါ။ တစ်ဦးရဲ့  သုံးစွဲနိုင်မှု့ကို နောက်တစ်ဦးက တားမြစ်ပိုင်ခွင့်မရှိသလို သုံးစွဲမှု့ကို ဖယ်ထုတ်လို့လည်း မရပါဘူး။ ဥပမာ – မီးပြတိုက်ကို သင်္ဘောတိုင်းက လမ်းညွှန်အဖြစ် အသုံးပြုနေကြပေမယ့်လည်း ဒီမီးပြတိုက်ကို သုံးစွဲနိုင်မှု့ ၊ အသုံးချနိုင်မှု့ အနေအထားလျော့ကျသွားခြင်းမရှိပါဘူး။ အဲဒီသဘောပါ။
2. Private Good – Public good ရဲ့  ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ Public Good လိုမျိုး Free good သဘောမျိုးမဟုတ်ပါဘူး။ ဒီကုန်စည်ကို ဝယ်နိုင်စွမ်းအားမရှိတဲ့ သူတွေကို အလိုလိုဖယ်ထုတ်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဦးက သုံးစွဲလိုက်ပြီဆိုရင် နောက်တစ်ဦးက သုံးစွဲခွင့် မရရှိတော့တာမျိုးပါ။ ဥပမာ – ပေါင်မုန့်ကို လူတစ်ယောက်က စားသုံးလိုက်ပြီးဆိုရင် အဲဒီစားသုံးလိုက်တဲ့ ပေါင်မုန့်ကို နောက်လူတစ်ယောက် စားသုံးခွင့်မရှိတော့ပါဘူး။
3. Inferior Good – ကုန်ညံ့ ဖြစ်ပါတယ်။ စားသုံးသူတစ်ယောက်ရဲ့ ဝင်ငွေတိုးတက်လာပြီဆိုရင် အဲဒီကုန်စည်ရဲ့  ဝယ်လိုအား ကျဆင်းသွားတာပါပဲ။ မဖြစ်မနေအဖြစ်သာ ဒီကုန်စည်ကို စားသုံးရတဲ့ သဘောဖြစ်ပါတယ်။
4. Normal Good – Inferior good နဲ့  ဆန့်ကျင်ပါတယ်။ စားသုံးသူရဲ့  ဝင်ငွေတိုးတက်လာတာနဲ့ အမျှ ကုန်စည်ရဲ့  ဝယ်လိုအားလည်း တိုးတက်လာတဲ့ ကုန်စည်မျိုးဖြစ်ပါတယ်။
5. Substitute Good – တစ်ခုမရှိရင် တစ်ခု အစားထိုးသုံးစွဲနိုင်တဲ့ ကုန်စည်မျိုးဖြစ်ပါတယ်။ Law Of Demand အရ ကုန်စည်တစ်ခုရဲ့ ဈေးနှုန်းတက်လာရင် ထိုကုန်စည်ကို ဝယ်ယူမှု့နည်းပါးလာပြီး အစားထိုးကုန်စည်ရဲ့  ဝယ်လိုအားတက်ပါမယ်။ ဒါကို Substitution Effect လို့ ခေါ်ပါတယ်။
6. Complementary Good – တွဲဖက်စားသုံးရတဲ့ ကုန်စည်ဖြစ်ပါတယ်။ ကုန်စည်တစ်ခုရဲ့  ဈေးနှုန်းတက်တယ်ဆိုရင် သူနဲ့ တွဲဖက်စားသုံးရတဲ့ ကုန်စည်ရဲ့  ဝယ်လိုအားကလည်း အလိုလို လိုက်ကျမှာဖြစ်တယ်။
7. Necessity Good- Normal good နဲ့ ပုံစံတူပါတယ်။ ဒါပေမယ့် တိုးတက်လာတဲ့ ဝင်ငွေနှုန်းထက် တိုးလာတဲ့ demand က နည်းပါတယ်။ ရေ၊ အစားအစာစတဲ့ အခြေခံကျတဲ့ကုန်စည်တွေ၊ မရှိရင် ကျွန်မတို့ အသက်ရှင်နေထိုင်လို့မရတဲ့ ကုန်စည်မျိုးကို ဆိုလိုပါတယ်။
8. Luxury Good – ဝင်ငွေတိုးတက်လာမှု့နှုန်းထက် ပိုမို Demand ပိုမိုတိုးတက်လာတဲ့ ကုန်စည်မျိုးဖြစ်ပါတယ်။
9. Durable Good – တခါဝယ်ထားရုံနဲ့ အချိန်အတော်ကြာ အသုံးပြုလို့ရတဲ့ ကုန်စည်မျိုးဖြစ်ပါတယ်။
10. Neutral Good – ဝယ်လိုအားက ဝင်ငွေ အပေါ် မှီတည်ခြင်းမရှိတဲ့ ကုန်စည်မျိုး ဖြစ်ပါတယ်။
11. Giffen Good – ကုန်စည်ရဲ့  ဈေးနှုန်း တက်လာသော်လည်း ထိုကုန်စည်ရဲ့  ဝယ်လိုအားတက်လာတဲ့ ကုန်စည်မျိုးဖြစ်ပါတယ်။ Law of Demand နဲ့ Substitution Effect မသက်ရောက်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အစားထိုးသုံးမယ့် ကုန်စည်မရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဈေးပိုတက်လာမှာစိုးတဲ့ အတွက် အခု ဈေးတက်လာသော်လည်း ပိုမိုဝယ်ယူထားခြင်းဖြစ်ပါတယ်။
12. Capital Good – သုံးစွဲနိုင်မယ့် တခြားကုန်စည်(other products for consumption)တွေ ထုတ်လုပ်နိုင်ဖို့ အသုံးပြုရတဲ့ ကုန်စည်အမျိုးအစားဖြစ်ပါတယ်။ ဥပမာ- ကားကို သာမာန်အားဖြင့် consumer good အနေနဲ့ မြင်ကြပါတယ်။ တစ်ဦးတစ်ယောက်က အသုံးပြုတယ်ဆိုရင် ဒါက consumer good ပါ။ ဒါပေမယ့် truck ကားလိုမျိုး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာ လုပ်ငန်းခွင်တွေမှာ အသုံးပြုတယ်ဆိုရင် ဒီ truck ကားဟာ capital good ဖြစ်ပါတယ်။
13. Intangible Good – ကိုင်တွယ်ထိတွေ့လို့ မရတဲ့ ကုန်စည်အမျိုးအစားဖြစ်ပါတယ်။ ဒါကို service နဲ့ ရောထွေးမမြင်ဖို့ အရေးကြီးပါတယ်။ ဥပမာ – ဆံပင်ညှပ်တာမျိုးက service ပေးတာပါ။ လုပ်သား (labour) က လုပ်ပေးတာမျိုးပါ။ Intangible good ကတော့ ကိုင်တွယ်လို့မရတဲ့ အရာဝတ္ထု (object) ဖြစ်ပါတယ်။ ဥပမာ- Internet ကနေ download လုပ်ထားတဲ့ ရုပ်ပုံတွေ ၊ စာအုပ်တွေ၊ သီချင်းတွေ ဖြစ်ပါတယ်။
14. Free Good – ရှားပါးမှု့မရှိတဲ့ ကုန်စည်မျိုးကို ဆိုလိုပါတယ်။ အဲဒီကုန်စည်ကို သုံးစွဲမှု့အတွက် zero Opportunity cost ပဲဖြစ်ရပါမယ်။ အလကားရတာမျိုးကို မဆိုလိုပါဘူး။ ဥပမာ – promotion တစ်ခုက ပစ္စည်းလက်ဆောင်ရတာမျိုးက free good မဟုတ်ပါဘူး။ အဲဒီကုန်စည်က ရှားပါးအရင်းအမြစ် (Scarce Resources)တွေကို အသုံးပြုထားရင် အလကားရပေမယ့်လည်း ဒါ free good မဟုတ်တော့ပါဘူး။ လူတစ်ယောက်ရဲ့  တီထွင်မှု့ (ဥပမာ- software) တစ်ခုကို တခြားသူတွေအားလုံးက အခမဲ့ အသုံးပြုနိုင်တယ်။ ဒီလိုအသုံးပြုလို့ ကုန်ခမ်းသွားခြင်းမရှိလည်း မရှိရပါဘူး။ အဲဒီလိုကုန်စည်မျိုးကို free good လို့ခေါ်ပါတယ်။
15. Merit Good ကတော့ အခုခေတ်ကာလမှာ အသုံးနည်းတဲ့ ဝေါဟာရဖြစ်ပါတယ်။ Richard Musgrave (1957, 1959) က စတင် အဆိုသွင်းတဲ့ concept ဖြစ်ပါတယ်။ ဒီ concept ရဲ့  အခြေခံကတော့ ပေးနိုင်စွမ်း(Ability)နဲ့ ပေးချင်တဲ့ စွမ်းအား(Willingness to pay) ထက် လိုအပ်ချက်ကို အဓိက ထားတာပါ။ ဥပမာ – အစိုးရက ကျန်းမာရေးဆောင်ရွက်ချက်တွေ၊ စောင့်ရှောက်မှု့တွေ၊ ပညာရေးနဲ့ပတ်သက်လို့ တိုးချဲ့ဆောင်ရွက်တာမျိုးက Merit Good မှာပါဝင်ပါတယ်။







Hi there,
I just read Poverty.Can you explain more about of luxury and neutral goods? I am not clearly understand what do they mean? I will look forward your reply.Thank you.
ူluxury goods, ဆိုတာမျိုးက ဇိမ်ခံပစ္စည်း အမျိုးအစားမျိုးကို ဆိုလိုတာပါ။ လူတွေမှာ ဝင်ငွေအဆင့်အတန်းမြင့်မားလာပြီဆိုရင် ပိုကောင်းတဲ့၊ တန်ဖိုးပိုမိုမြင့်မားတဲ့ အသုံးအဆောင်တွေကို ပိုမိုသုံးစွဲလာချင်ကြပါတယ်။ ဒါကြောင့် ဝင်ငွေမြင့်မားလာတာတဲ့ နှုန်းထက် luxury goods တွေရဲ့ ဝယ်လိုအားနှုန်းက ပိုမို တိုးတက်လာပါတယ်။ အဲဒီလိုကုန်စည်မျိုးကို luxury goods အဖြစ် သတ်မှတ်ပါတယ်။
neutral goods
ဘယ်လိုဝင်ငွေ အဆင့်အတန်းမျိုးမှာ မဆို သုံးစွဲနိုင်တဲ့၊ သုံးစွဲချင်တဲ့ ကုန်စည်မျိုးပါ။ ဝင်ငွေ တက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ ဒီကုန်စည်ကို သုံးစွဲနေမှာပါပဲ။ ဒါကြောင့် ဝင်ငွေပြောင်းလဲမှု့က ကုန်စည်ရဲ့ ဝယ်လိုအားကို အကျိုးသက်ရောက်စေမှာ မဟုတ်ပါဘူး။ ဒီလိုကုန်စည်မျိုးကို neutral goods လို့ သတ်မှတ်ပါတယ်။
Review…
It’s really a cool and useful piece of info. I am satisfied that you shared this useful information with us. Please stay us informed like this. Thanks for sharing….