Poverty ဆင်းရဲမွဲတေမှု ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုကြမလဲ။
စီးပွားရေးရှု့ထောင့် (Economic aspects of poverty) မှာ Absolute concept နဲ့ Relative concept ဆိုပြီး concept နှစ်မျိုးရှိပါတယ်။
Absolute concept of poverty အရ အနည်းဆုံး ရှိသင့်တဲ့ လူနေမှု့အဆင့်အတန်း (minimum standard of living) ထက် နိမ့်ကျနေရင် ဒါဟာ ဆင်းရဲတာပါပဲလို့ သတ်မှတ်ထားပါတယ်။ သောက်သုံးရေ၊ အစားအစာ၊ နေစရာ အစရှိတဲ့ ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့ အရာတွေ ရသင့်သလောက်မရဘဲ ၊ရှိသင့်သလောက်မရှိဘဲ လိုအပ်နေခြင်းကို ဆိုလိုပါတယ်။
Relative concept of poverty အရဆိုရင်တော့ လူတစ်ယောက်ဟာ ရှိသင့်တဲ့ ပျမ်းမျှဝင်ငွေ ပမာဏအောက် လျော့နည်းတယ်ဆိုရင် ဆင်းရဲတယ်လို့ သတ်မှတ်ပါတယ်။
လူမှုရေး ရှု့ထောင့် (Social Aspect of poverty) ကတော့ ပညာရေးဆိုင်ရာ အခွင့်အလမ်း၊ ကျန်းမာရေးစောင့်ရှောက်မှု့၊ သတင်းအချက်အလက်နှင့် နည်းပညာမရရှိနိုင်မှု့၊ လုံခြုံရေးဆိုင်ရာ ချို့တဲ့မှု့တွေ ပါဝင်ပါတယ်။
ဒါဆို နိုင်ငံတစ်နိုင်ငံ ဘာကြောင့်ဆင်းရဲကြတာလဲဆိုတဲ့ Cause of Poverty ကိုကြည့်ရအောင်.
• စီးပွားရေးကျဆင်းနေမှု့ (Recession)
• ဝင်ငွေခွဲဝေဖြန့်ဖြူးမှု့မညီမျှခြင်း (Inequality of Income Distribution)
• လူမှု့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ Infrastructures အတွက် ရင်းနှီးမြုပ်နှံမှု့ မရှိခြင်း
• လူဦးရေတိုးတက်လာခြင်း(overpopulation , lack of birth control)
• အလုပ်လက်မဲ့ များပြားလာခြင်း
• ပညာရေးနှင့်ပတ်သက်၍ ဖူလုံပြည့်စုံမှု့မရှိခြင်း
• ဦးနှောက်ယိုစီးမှု့ (Brain Drain)
• စစ်ဖြစ်ပွားနေခြင်း (war) အစရှိတဲ့အချက်တွေ ပါဝင်ပါတယ်။
Effect of poverty အကျိုးဆက်အနေနဲ့ ဘာတွေရှိနိုင်ပါသလဲ။
Infrastructure တွေ မရှိတဲ့အတွက် အနာဂတ်မှာလည်း လူနေမှု့အဆင့်အတန်းတွေ အဆင့်မမြင့်လာနိုင်ပါဘူး။ စစ်ဖြစ်ပွားနေလျှင် စစ်စားရိတ်အတွက် ကုန်ကျနေတာမို့ ကျန်တဲ့ စီးပွားရေးကဏ္ဍတွေကို အထောက်အကူပြုဖို့ အားနည်းလာပါတယ်။
လူဦးရေ အဆမတန် တိုးပွားလာသော်လည်း လူတိုင်းအလုပ်လုပ်ရန် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာကြောင့် အိမ်ထောင်စုတွေမှာ ဝင်ငွေမလုံလောက်ဖြစ်လာတယ်။ ဝင်ငွေမလုံလောက်ခြင်းကလည်း Social factor ဘက်က ကြည့်ရင် ပြစ်မှု့ ကျူးလွန်မှု့တွေ ပိုများလာစေပါတယ်။
ဆင်းရဲတဲ့ အိမ်ထောင်စုဝင်တွေဟာ ဆာလောင်ခြင်းနဲ့ ငတ်မွတ်ဖြင်းကို ပိုမိုခံစားရပါတယ်။ သင့်တော်တဲ့ အာဟာရမရရှိနိုင်တဲ့အတွက် သက်တမ်းစေ့နေထိုင်နိုင်မှု့ (Life expectancy) နှုန်းတွေ လျော့ကျလာပါတယ်။ အဲဒီအပြင် ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရချို့တဲ့မှု့ကြောင့် ၊ ကလေးငယ်မှာလည်း အာဟာရချို့တဲ့စွာ မွေးဖွားလာရတဲ့အခါ ကလေးတွေရဲ့ သေဆုံးနှုန်း (infant mortality)က ပိုမို မြင့်မားလာပါတယ်။ အာဟာရမရှိတဲ့သူတွေက ကိုယ်ခံစွမ်းအားလည်း မကောင်းနိုင်တဲ့အတွက် ကူးစက်ရောဂါလိုမျိုး (Diseases of Poverty) ပိုမိုခံစားကြရပါတယ်။ ဒါကြောင့် Disease of Poverty က ဆင်းရဲမှု (poverty)နဲ့ ကျန်းမာရေးချို့ယွင်းမှု့ (poor health) ကြား relationship အဖြစ်ရှိနေပါတယ်။ နေထိုင်မှု့အနေနဲ့ ကတော့ အိမ်ခြေရာခြေမဲ့တွေ ပိုမိုများပြားလာပါတယ်။
လုံလောက်တဲ့ ပညာရေးမရှိတဲ့အတွက် ကာယအလုပ်သမား (blue collar) တွေသာ များပြားလာပါတယ်။ နည်းပါးတဲ့ ဝင်ငွေအဆင့်အတန်း (low wages) မှာသာ ရပ်တည်နိုင်ပါတယ်။ Brain Drain Effect ကြောင့်လည်း နိုင်ငံမှာ ပညာတတ်တွေ နည်းပါးလာတဲ့အတွက် နည်းပညာပိုင်းမှာ နောက်ကျလာတယ်။ ဒီတော့ ဆင်းရဲသံသရာ လည်ပြီးရင်း ထပ်လည်နေပါတော့တယ်။






