Soruces of Documents

စာရင်းဆွဲရာမှာ စာရွက်စာတမ်းထိန်းသိမ်းမှု့ (Document Control) က အရေးကြီးပါတယ်။ Recording လုပ်တဲ့ နေရာမှာ စာရွက်စာတမ်းတွေကို အခြေခံပြီးတော့မှ စာရင်းသွင်းလို့ ရမှာပါ။ သို့ပေမယ့် စာရွက်စာတမ်းတိုင်းကို စာရင်းသွင်းစရာ လိုချင်မှ လိုမှာပါ။ သို့ပေမယ့် လုပ်ငန်းမှာ အခြေခံလိုအပ်တဲ့ စာရွက်စာတမ်းတွေမှာတော့

၁) Quotation (ခေါ်ဈေးသတ်မှတ်ခြင်း)
ဒါကတော့ ကိုယ် လိုချင်တဲ့ ၊ ကိုယ် Quote လုပ်ထားတဲ့ ဈေးနှုန်းကို ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ ၀ယ်မည့်သူကလည်း ကိုယ့်ဆီက Quotation တောင်းသလို ကိုယ်ကလည်း ၀ယ်မယ့်အချိန်မှာ တစ်ဖက်က Quotation ကို တောင်းမှာပါ။ ဒါမှ Quotation အားလုံးကို နှိုင်းယှဉ်ပြီး ကိုယ်နဲ့ သင့်တော်ရာ ဈေးနှုန်း (သို့) ကိုယ်လိုချင်တဲ့ Quality နဲ့ ဈေးအသက်သာဆုံးကိုပဲ ရွေးချယ်မှာ ဖြစ်ပါတယ်။

၂) Purchase Order
ဒါကတော့ Quotation တစ်ခုကို ရွေးချယ်ပြီးပြီဆိုရင်တော့ အမှာစာ (Purchase Order) ပို့ရမှာ ဖြစ်တယ်။ Quotation Reference ကို ညွန်းပြီး အဲဒီဈေးနဲ့ ဘယ်ပစ္စည်းကို ဘယ်နှစ်ခု မှာတဲ့ သဘောပါ။

၃) Sales Order
ဒါက Purchase Order ရပြီးရင် ရောင်းမယ့်ဖက်က Sales Order ပြန်ထုတ်တာပါ။ သို့ပေမယ့် လုပ်ငန်းသေးတွေမှာတော့ Sales order ကို သိပ်ထုတ်လေ့မရှိပါဘူး။

၎) Goods Despatched Note or Deliver Order (DO)
ကုန်ပစ္စည်းပို့တဲ့ အခါကျရင် သုံးတာပါ။ DO မှာ လက်ခံရရှိတဲ့ သူက လက်မှတ်ထိုးရပါတယ်။ တစ်ရွက်ကို ၀ယ်သူကိုပေးခဲ့ပြီး ပစ္စည်းပို့တဲ့ သူက  နောက်တစ်ရွက်ကို ယူပါတယ်။ ဒါမှ ၀န်ထမ်းတွေ ပြောင်းသွားရင်တောင် နှစ်ဦးနှစ်ဖက် မှတ်တမ်း ကျန်နေမှာ ဖြစ်တယ်။

၅) Goods Received Note
ပစ္စည်းရရှိကြောင်း အတည်ပြုတဲ့ စာရွက်စာတမ်းပါပဲ။ ဘယ်သူ့ဆီက ဘယ်ပစ္စည်းကို ဘယ်လောက်အရေအတွက် လက်ခံရရှိတယ်ဆိုတာ ဖော်ပြထားတာပါ။

၆) Invoice
ဒါကတော့ အားလုံးအဆင့်တွေပြီးမှ Invoice သို့ ပြေစာ ထုတ်တာပါ။ ဘယ်လောက်အရေအတွက်ကို ဘယ်ဈေးနဲ့ ဆိုတဲ့ စုစုပေါင်း ပေးရမယ့် တန်ဖိုးကို ဖော်ပြထားတာပါ။

၇) Credit Note or Debit Note
CN ကတော့ ကုန်ရောင်းပြီး ပြန်ပို့ခံရတဲ့ အခါ Invoice ကို တန်ဖိုးလျော့ချင်တဲ့ အခါမှာ ထုတ်ပါတယ်။ DN ကတော့ ကုန်ဝယ် ပြန်ပို့တဲ့ အခါမျိုးမှာ ထုတ်တာပါ။

၈) Remittance Advice
ဒါကတော့ ငွေလွှဲပြေစာပါ။

၉) Receipt Slip
ငွေရတဲ့ အခါ ငွေရကြောင်း ငွေရပြေစာ ထုတ်တာပါ။

ဒါကတော့ လုပ်ငန်းလည်ပတ်မှု့မှာ နေ့စဉ်ထိတွေ့နေရမယ့် စာရွက်စာတမ်းတွေ ဖြစ်ပြီး Source Documents လို့လည်း ခေါ်ပါတယ်။ နောက်ပို့စ်မှာတော့ Basic Accounting Procedure ကို တင်ပြပါ့မယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Before Making Payment

ဒီတစ်ခါတော့ Accounting ခေါင်းစဉ်အောက်မှာ တကယ့်လက်တွေ့ အသုံးဝင်မယ့် Procedure အဆင့်ဆင့်ကို ရေးချင်ပါတယ်။ တကယ်တော့ Accounts ဆိုတာ Operation, Marketing, Human Resource, Warehouse စတဲ့ Department တွေ ၊ တနည်းပြောရရင် လုပ်ငန်းရဲ့  လုပ်ဆောင်ချက်တွေ ပြီးမှ ငွေပေး၊ ငွေယူ ၊ စာရင်းရှင်း လုပ်ရတဲ့ နောက်ဆုံး Department လည်း ဖြစ်ပါတယ်။ Non Profit Organization မဟုတ်တဲ့ လုပ်ငန်းတိုင်းလိုလိုဟာ အမြတ်ကိုပဲ ဦးတည်လုပ်ကိုင်ကြတာမို့ ငွေပေး၊ ငွေယူ ဟာ အရေးကြီးသလို လုပ်ဆောင်ရတဲ့ သူတွေမှာလည်း တာဝန်ကြီးလှပါတယ်။ ပထမဦးဆုံးအနေနဲ့ Accounts Payable (AP) နဲ့ ပတ်သက်ပြီး ရေးချင်ပါတယ်။

ဒီတော့ ကုန်ပစ္စည်းအတွက် Payment တစ်ခုလုပ်တော့မယ်ဆိုရင် ဘာတွေ အရင် လိုအပ်လည်းဆိုတာ ကြည့်ရအောင်။
ကျွန်မတို့ ကုန်ပစ္စည်းတစ်ခုကို မှာတော့မယ်ဆိုရင် ဈေးကို သိမှရပါမယ်။ ဒါမှ ကိုယ်သုံးချင်တဲ့ ပစ္စည်း အရည်အသွေးကို ဈေးအသက်သာဆုံးနဲ့ ရနိုင်ဖို့ ကျွန်မတို့ Quotation တောင်းရပါမယ်။ ဒါက ဘယ်ပစ္စည်းကို ဘယ်လောက်ဈေးနဲ့ ကျသင့်ငွေကို တွက်ချက်ထားတာပါ။ Purchasing Department ရှိရင်တော့ အဲဒီ Department က လုပ်သွားမှာပါ။ တကယ်လို့ ပစ္စည်းမှာပြီဆိုရင် ကိုယ်ဖက်ကနေ Purchase Order (PO) လှမ်းပို့ပြီး မှာရပါမယ်။ အဲဒီနောက်မှာမှ Supplier ဖက်ကနေ Invoice (ကုန်ရောင်းပြေစာ) ကို ထုတ်မှာပါ။ ဒါက အခြေခံ သိထားသင့်တဲ့၊ သိထားရမယ့် အချက်ပါ။

ဒီတော့ ကုန်ပစ္စည်းအတွက် ပိုက်ဆံပေးချေမယ်ဆိုရင် စာရင်းကိုင်တစ်ယောက် အနေနဲ့ မပေးခင်မှာ (၃) ချက် စစ်ဆေးရပါမယ်။
(၁) ကိုယ် တကယ်မှာတဲ့ ကုန်ပစ္စည်းအမျိုး အစား၊ အရေအတွက် ဟုတ်မဟုတ်
(၂) မှာလိုက်ပေမယ့် ကိုယ်တကယ် ရလိုက်ပြီလားဆိုတာ Warehouse က GRN ( Goods Received Note) နဲ့ တိုက်စစ်ရပါဦးမယ်။
(၃) Purchase Order (PO), GRN နဲ့ Invoice တူညီလားဆိုတာ စစ်ရပါမယ်။
ဒီလို အားလုံးတူညီမှု့ ရှိရင်တော့ Attached လုပ်ပြီး Payment Voucher (PV) ဖွင့်ပြီး Cheque ထုတ်လို့ ရပါပြီ။ ဒါပေမယ့် တချို့ အခြေအနေတွေမှာ ပစ္စည်းမပို့ခင်ကတည်းက ငွေအရင်ချေရတာမျိုးရှိပါတယ်။ အဲဒီအခါမှာတော့ ပစ္စည်းတကယ်ရောက်မရောက်ဆိုတာ Warehouse နဲ့ ပြန် စစ်ဆေးရပါမယ်။
အတိုချုပ် ပြောမယ်ဆိုရင်တော့ ဘယ်သူမှာတာလဲ၊ ဘယ်သူ လက်ခံယူထားလိုက်လဲ၊ ကိုယ်မှာတဲ့ ပစ္စည်းအရေအတွက်နဲ့ အမျိုးအစား ဟုတ်မဟုတ် စစ်ဆေးဖို့ လိုအပ်တယ် လို့ ဆိုရမှာပါ။

တကယ်လို့ ကိုယ် မှာတဲ့ ပစ္စည်းက ပြည်တွင်းက မဟုတ်ဘဲ ပြည်ပ ကသာ မှာယူတာမျိုးဆိုရင် Shippment တို့ ၊ Logistics Company က စာရွက်စာတမ်း တွေ ပြည့်စုံအောင် လုပ်ရပါဦးမယ်။ အခွန်တွေ ပြန် Claim လို့ ရမရကိုလည်း စစ်ဆေးရပါဦးမယ်။ အဓိက အရေးကြီးတဲ့ အချက်က Order မှာတဲ့ အချိန်နဲ့ Delivery လုပ်တဲ့ အချိန် ကွာခြားတာကြောင့် ကြားကာလထဲမှာ ပြောင်းလဲသွားနိုင်တဲ့ Exchange Rate ကိုလည်း ထည့် စဉ်းစားရပါမယ်။ Exchange Rate ကွာခြားချက်ရှိရင်တော့ Exchange Gain or Loss တွက်ပေးရပါမယ်။

နောက်တစ်မျိုးကတော့ Construction Company မျိုးမှာပါ။
ကိုယ့်ရဲ့  Project အတွက် ဘယ်လောက် Percentage (% of Completion) ကို သိရပါမယ်။
ဒီအတွက် Operation Manager ဖြစ်ဖြစ် Operation က certified လုပ်ထားတဲ့ Job Completion Form ကို ရမှသာ Contract Amount ကို % ခွဲပြီး ပေးမှာပါ။ အဲဒီမှာ တစ်ချက်သိထားဖို့ လိုအပ်တာက ဘယ်ဆောက်လုပ်ရေး လုပ်ငန်းမှ တစ်ရာ ရာခိုင်နှုန်းလုံး တခါတည်းပြီးမှ Invoice or Progess Claim ထုတ်တာ မဟုတ်ပါဘူး။ ငွေမြန်မြန်ပေါ်အောင် ပြီးတာနဲ့ Supplier က Invoice ထုတ်ပါတယ်။ ဒီတော့ Operation Department က သက်ဆိုင်တဲ့ သူရဲ့  အသိအမှတ်ပြု လက်မှတ်လိုပါတယ်။ Defect work မရှိဘူး၊ Job Completion Form ရပြီဆိုတာနဲ့ ပေးလို့ ရပါတယ်။ (ရှုပ်သွားမှာ စိုးလို့ Construction လုပ်ငန်းမျိုးတွေ အတွက် သီးခြားပို့စ် တစ်ပုဒ် ရေးပါ့မယ်)

ဘယ်လိုပဲ ဖြစ်ဖြစ် Payment တစ်ခု လုပ်ပြီဆိုရင် မပေးခင်မှာ စစ်ဆေးတာ ကောင်းပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်က Credit Term (ကြွေးပေးတဲ့ ကာလ) ကို ကြည့်ရပါမယ်။ Credit Term မတိုင်ခင် စောစောပေးတာကလည်း လုပ်ငန်းရဲ့  Working Capital လည်ပတ်မှု့ကို ထိခိုက်စေနိုင်သလို နောက်ကျမှ ပေးရင်လည်း လုပ်ငန်းရဲ့  နာမည်ထိခိုက်တာမျိုး၊ Late Payment Charges / Penalty တို့ ကျခံရတာမျိုး ဖြစ်နိုင်ပါတယ်။

(ဒီပို့စ်ဟာ လုပ်ငန်းအတွေ့အကြုံရှိတဲ့ သူတွေ အတွက် မရည်ရွယ်ပါဘူးရှင်။ လုပ်ငန်း အတွေ့အကြုံမရှိသေးတဲ့ သူတွေ အတွက် Knowledge ရှိထားတာက လုပ်ငန်းမှာ ပိုမို အထောက်အကူဖြစ်စေတာမို့ ထိုသူတွေအတွက်သာ ရည်ရွယ်ပါတယ်)

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Accounts Payable Management

ကျွန်မတို့ လုပ်ငန်းမှာ ငွေအကျပ်အတည်းကြုံရတာပဲ ဖြစ်ဖြစ်၊ ရောင်းအားတိုးဖို့အတွက် ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့လာပြီဆိုရင် ငွေကြေးက လက်ထဲမှာ ရှိနေတဲ့ ပမာဏနဲ့ မလုံလောက်နိုင်တော့ပါဘူး။

အဲဒီလို အခြေအနေမျိုးမှာ ကျွန်မတို့ လိုအပ်နေတဲ့ ငွေကြေးကို ဘယ်လိုရှာနိုင်မလဲ။

အရှေ့က Post မှာ Supplier ဆီကသာ ကြွေးများများ အချိန်ကြာကြာ ရနိုင်မယ်ဆိုရင် ကျွန်မတို့ ငွေကို လှည့်သုံးထားလို့ ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုသုံးလို့ ရတဲ့ အကျိုးကျေးဇူးတွေရှိသလို ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ။

ဒီတော့ ပြင်ပကနေ ချေးယူမယ်ဆိုရင် ကာလရှည်ချေးငွေ (Long Term Loan) က အတိုးနှုန်းနိမ့်ပေမယ့် အာမခံပစ္စည်း ဒါမှ မဟုတ် စာရွက်စာတမ်းလိုအပ်မှု့တွေများတာကြောင့် မလွယ်ကူပါဘူး။ ကာလတိုချေးငွေ(Short Term Loan) ကတော့ အတိုးနှုန်းမြင့်မားပြီး ငွေကြေးမလည်ပတ်ခင် ပြန်လည်ဆပ်ဖို့ လိုအပ်လာတဲ့ အတွက် ချေးယူရတာ စွန့်စားမှု့များပါတယ်။ဒီလိုမှ မချေးယူဘူးဆိုရင် ဘဏ်ကနေ ဘဏ်တိုးနှုန်းနှင့် တွက်မယ့် ဘဏ်တွေကနေ Overdraft လုပ်လို့ ရနိုင်ပါတယ်။ အားလုံးထက် ကုန်ကျစားရိတ်မရှိတဲ့ နည်းလမ်းကတော့ Supplier တွေက ကြွေးယူတာပါပဲ။ အတိုးပေးစရာမလိုတဲ့ သက်သာတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

ဒီလိုလွယ်ကူသက်သာတဲ့ နည်းလမ်းရဲ့ ဆိုးကျိုးတွေကတော့

(၁)တကယ်လို့ Supplier ကသာ သတ်မှတ်ထားတဲ့ ကာလအတွင်း အမြန်ပြန်ဆပ်တဲ့ အတွက် Discount Offer လုပ်တာမျိုးဆို ကိုယ်က လက်လွှတ်ဆုံးရှုံးရမှာပါ။

(၂)အကြွေးကြာရှည်ယူတဲ့ အတွက် Credit Rating တွေ ကျလာပါမယ်။ အဲဒီအခါ Supplier က နောက်တစ်ခါ အကြွေးရောင်းတဲ့ အခါ အကြွေးရောင်းနိုင်တဲ့ကာလ Credit Period ကို လျော့ချလိုက်မှာ ဖြစ်ပါတယ်။

(၃)ဒါ့အပြင် နာမည်ကောင်းဆုံးရှုံးသွားတဲ့ အတွက် Supplier အသစ်တွေဆီက ကြွေးယူဖို့ ခက်ခဲသွားပါပြီ။

(၄)တခြား ဝယ်သူတွေနဲ့ နှိုင်းယှဉ်ရင် ဦးစားပေးမှု့ (Priority) လျော့နည်းသွားပါတယ်။ ထုတ်လုပ်မှု့အတွက် အရေးတကြီးလိုအပ်တဲ့ အချိန်မျိုးမှာ အချိန်မှီမှာယူလို့ မရနိုင်တဲ့ အတွက် လုပ်ငန်းရဲ့  Efficiency ကို ထိခိုက်နိုင်ပါတယ်။ ဒီတော့ အမြတ်ကိုပါ ထိခိုက်လာပါတော့တယ်။

(၅)အခုခေတ် လုပ်ငန်းတွေက အကြွေးမပေးနိုင်တဲ့ အပေါ် အတိုးကောက်လာတာတွေ့ရပါတယ်။ အဲဒီအခါ ပိုပြီး စားရိတ်စက ပိုများလာပါတယ်။

(၆)တခါတလေ ကျရင် အတိုးကြွေးဟောင်းကို မချေမချင်း ကြွေးသစ်မချတော့တဲ့ အတွက် လုပ်ငန်းမှာ မမျှော်လင့်တဲ့ နှောင့်နှေးမှု့တွေ ဖြစ်ပေါ်လာစေပါတယ်။

(၇) နောက်ဆုံးအဆင့်အနေနဲ့ကတော့ လက်ငင်းစနစ်နဲ့ပဲ ရောင်းတော့တာပါ။

ဒီလိုမျိုး ဆိုးကျိုးတွေကို ရှောင်ရှားဖို့ Credit Period ကြည့်ပြီး ကျွန်မတို့က အဲဒီကာလမတိုင်ခင်မှာ ပေးနိုင်ဖို့ စီစဉ်ရပါမယ်။ အစောကြီး ကြိုပေးဖို့ မလိုသလို နောက်ကျမှ ပေးလို့လည်း မဖြစ်ပါဘူး။ အရေးကြီးတဲ့ ပေးရန်ရှိတွေကို ကြိုတင်စီစဉ်ပြီး ဦးစားပေးထားရပါမယ်။

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Working Capital Management

ကျွန်မတို့ လုပ်ငန်းမှာ ရင်းနှီးမြှပ်နှံမှု့ ကြာမြင့်တာကြောင့် ဘဏ္ဍရေးအကျပ်အတည်းတွေ့လာခဲ့ရင် ဘယ်လို ဖြေရှင်းမလဲ။

ဥပမာ။ ။ ရင်းနှီးမြှပ်နှံမှု့များသွားပြီး Overtrading မျိုးတွေ့ကြုံရမယ်ဆိုရင်တော့ ကျွန်မတို့ လည်ပတ်တဲ့ ရင်းနှီးငွေ Working Capital ကို လျော့ချလိုက်ဖို့ လိုအပ်လာပါပြီ။ ကုန်စည်တွေ အများကြီးသိုလှောင်ထားမယ်။ Customer တွေကို အကြွေးတွေနဲ့ ပစ္စည်းတွေအများကြီးရောင်းမယ်။ ဒီအခါ ကျွန်မတို့ရဲ့  လုပ်ငန်းလည်ပတ်ငွေကလည်း နစ်နေပါတယ်။ သဘောကတော့ ငွေအိပ်နေတယ်ပေါ့။ ဈေးကစားဖို့ ငွေတွေကို လိုအပ်တာထက် ပိုပြီး ကိုင်ဆောင်ထားဖို့ ကာလတို ချေးငွေတွေကိုလည်း အသုံးပြုလာရတဲ့ အခါ အတိုးတွေကိုလည်း တက်လာမယ်။ ဒါက Overtrading ရဲ့  သဘောတရားတွေပါ။ ဒီလိုအချိန်မှာ ကျွန်မတို့က လိုအပ်မယ့် သင့်တင့်လျောက်ပတ်တဲ့ လုပ်ငန်းလည်ပတ်မှု့အရင်းအနှီး Working Capital ကို ဆုံးဖြတ်ရပါတယ်။

(၁) ကုန်ကြမ်းတွေကို ထုတ်လုပ်မှု့အတွက် လိုအပ်မှ မှာယူသင့်ပါတယ်။ Inflation ကိုကာကွယ်ဖို့၊ Discount ရဖို့ ဆိုတဲ့ အချက်တွေကိုသာ မကြည့်ဘဲ ကုန်စည်ရဲ့  ကြာရှည်အထားခံမှု့၊ သိုလှောင်မှု့ စားရိတ်စတဲ့ Inventory Management မှာပါတဲ့ အချက်အလက်တွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

(၂) ထုတ်လုပ်ဆဲ ကုန်စည်တွေကို အဆင့်မြင့်နည်းပညာတွေသုံးပြီး အလေအလွင့် အချိန်ကြာမြင့်မှု့ မရှိအောင် ထုတ်လုပ်မှု့ နည်းလမ်းတွေကိုလည်း တိုးတက်ပြုပြင်ပြောင်းလဲရပါမယ်။

(၃) ကုန်ချောတွေကို မမျှော်လင့်ထားတဲ့ ဝယ်လိုအား (Unexpected Demand) ကို ကာမိစေဖို့ အများကြီးထုတ်လုပ်သိုလှောင်ခြင်းမှလည်း ရှောင်ရပါမယ်။ ကုန်စည်ကို ပျက်စီးဆုံးရှုံ့းမှု့တွေ အစားထိုးပေးဖို့၊ Shortage ဖြစ်မှု့တွေက ကာကွယ်ပေးဖို့ စတဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့သာ Safety Inventory Level လောက်အထိပဲ ထိန်းသိမ်းထားသင့်ပါတယ်။

(၄) ကုန်စည်တွေကို ထိန်းချုပ်မှု့ ပြီးသွားရင် Working Capital ရဲ့ အစိတ်အပိုင်းအတစ်ခုဖြစ်တဲ့ Debtor အပိုင်းကိုလည်း မေ့ထားလို့မရပါဘူး။ Customer တွေကို အကြွေးရောင်းရင် အကြွေးပေးနိုင်တဲ့ နှုန်းကို Credit Rating မှာ ကြည့်ပြီး ဆုံးဖြတ်ရပါတယ်။ အကြွေးမှန်မှန်ပေးပြီး ပြန်ဆပ်နိုင်တဲ့၊ရောင်းအားကို ဖြုန်းပေးနိုင်တဲ့ Customer မျိုးဆိုရင် Credit Rating မြင့်မားတာပေါ့။ ဒီတော့ အကြွေးပေးနိုင်တဲ့ ကာလနှင့် နှုန်းထားတွေကို Credit Rating အလိုက်သတ်မှတ်ပေးရပါမယ်။ မပေးနိုင်တဲ့ သူမျိုးတွေကို ဘယ်လို အဆင့်ဆင့်ဆောင်ရွက်သင့်တယ် အစရှိတဲ့ အဲဒီလို သတ်မှတ်ဆုံးဖြတ်တာမျိုးတွေကို Credit Control Procedure လို့ ခေါ်ပါတယ်။ ဒီတော့ Customer တွေကို အကြွေးပေးမှု့တွေကို လျော့ချဖို့ဆိုရင် တင်းကြပ်တဲ့ Credit Control Procedure ကို ကျင့်သုံးရပါမယ်။ နောက်နည်းလမ်းတစ်ခုကတော့ Customer တွေကို အကြွေးမြန်မြန် ပြန်ဆပ်ရင်  Discount Offer ပေးတာမျိုးကိုလည်း ကျင့်သုံးနိုင်ပါတယ်။ ဥပမာဆိုရရင် ဝယ်သူတစ်ယောက်က ၁၀၀ကို တစ်လအတွင်း ပြန်ဆပ်ရင် ၂ % လျော့ပေးတာမျိုး၊ ဒါဆို ပြန်ပေးရင် ဝယ်သူအနေနဲ့ ၉၈ ကျပ်ပဲ ပြန်ပေးရတာမျိုးပါ။ အဲဒီအခါ ကျွန်မတို့ငွေလည်း မနှစ်မြုပ်နေတော့ဘူးပေါ့။

(၅) ဒါကတော့ နံပါတ်(၄) အချက်ကို ဆန့်ကျင်ဖက်အနေနဲ့ စဉ်းစားရမှာပါ။ Supplier တွေဆီက ကျွန်မတို့ အချိန်ကြာကြာ အကြွေးယူနိုင်လေ လုပ်ငန်းမှာ လှည့်သုံးထားလို့ ရနိုင်တာမျိုးပါ။ ဒါကတော့ Accounts Payable တွေကို ဘယ်လို စီမံကျင့်သုံးသင့်တယ်ဆိုတဲ့ Working Capital Management ရဲ့ Accounts Payable အပိုင်းမှာ အကျယ်ရှင်းပြပါ့မယ်။

ဒီလိုနည်းလမ်းတွေနဲ့ ကျွန်မတို့ရဲ့  လုပ်ငန်းမှာရင်းနှီးမြုပ်နှံမှု့ လည်ပတ်ကြာမြင့်မှု့ကို လျော့ချထိန်းချုပ်နိုင်ပါတယ်။

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Overtrading

လုပ်ငန်းရဲ့  လည်ပတ်မှု့က ကာလတိုချေးငွေ (အကြွေး) အပေါ် မှီခိုလွန်းတဲ့ အခြေအနေကို Overtradingလို့ ခေါ်ပါတယ်။ ရောင်းအားကို အဓိက တိုးတက်စေချင်တဲ့အတွက် ကျွန်မတို့ဟာ လုပ်ငန်းကို တိုးချဲ့  ရပါမယ်။ အဲဒီအတွက် ကျွန်မတို့ဟာ ကုန်စည်တွေကို ပိုမိုသိုလှောင်ထားရမယ်။ အရောင်းဝန်ထမ်းတွေ ပိုခန့်ထားရမယ်။ ထုတ်လုပ်မှု့ကို တိုးချဲ့လာတဲ့အတွက် လုပ်ငန်းလည်ပတ်မှု့ စားရိတ်တွေ ပိုမိုကုန်ကျလာမယ်။ ကုန်စည်တွေကို သိုလှောင်ထားတဲ့အတွက် Holding Cost တွေ. ဝန်ထမ်းတွေ တိုးချဲ့ခန့်ထားတဲ့ အတွက် Staff Cost နဲ့ စီမံခန့်ခွဲမှု့ စားရိတ် Administrative Costတွေ ပိုမိုကုန်ကျလာမယ်။

ဒီလိုမျိုး ရင်းနှီးမြုပ်နှံမှု့အတွက် လိုအပ်လာတဲ့ ရင်းနှီးငွေကို  ကာလတိုချေးငွေ (short term finance) ကို အဓိကထားပြီး ရှာဖွေလာပါတယ်။ ကာလတိုဖြစ်တဲ့ အတွက် အတိုးနှုန်းမြင့်မားပြီး စွန့်စားရမှု့ ပိုများပါတယ်။  စွန့်စားရမှု့များတယ်ဆိုတာက ကျွန်မတို့က ချေးငွေကို လုံလောက်တဲ့ အချိန်ကာလအထိ အသုံးပြုခွင့်မရဘဲ  ပြန်ဆပ်ဖို့ တွန်းအားပေးခံရတာမျိုးပါ။ ရောင်းအားတိုးတက်လာသလို Current Assets နဲ့ Current Liabilities လည်း လိုက်ပြီးတိုးလာပါတယ်။ ဒါပေမယ့် ရောင်းအားတိုးတက်မှု့က Current Asset တိုးတက်မှု့နှုန်းထက် နည်းနေပါတယ်။ ရောင်းအားတိုးတက်လာတဲ့ နှုန်းထက် ကုန်ကျစားရိတ်နှုန်းက ပိုများလာတဲ့ အတွက် လုပ်ငန်းရဲ့ အသားတင်အမြတ်ကလည်း နည်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ စားရိတ်တွေ အပြင် ကာလတိုချေးငွေတွေများလာတဲ့ အတွက် အဲဒီအပေါ် ပေးရတဲ့ အတိုးတွေကြောင့်လည်း အမြတ်ပမာဏကို လျော့ကျစေတဲ့တာကြောင့် ဖြစ်ပါတယ်။  Overtrading အခြေအနေမျိုးမှာ လုပ်ငန်းက မြတ်နေပေမယ့် Current Assets တွေမှာ မြုပ်နှံမှု့များတဲ့ အတွက် ငွေကြေးဆိုင်ရာ အကျပ်အတည်း ( financial problem)တွေကို တွေ့နိုင်ပါတယ်။

နောက်ထပ် Overtrading ဖြစ်နိင်တဲ့ အခြေအနေတွေကတော့

ကာလရှည်ချေးငွေတွေကို ကာလရှည်ချေးငွေနဲ့ အစားထိုးခြင်းမရှိဘဲ ပြန်ဆပ်လိုက်တာပါပဲ။ အဲဒီအခါ ကာလရှည်ချေးငွေအနေနဲ့ ရင်းနှီးမြုပ်နှံမှု့မရှိဘဲ လုပ်ငန်းကို တိုးချဲ့  လည်ပတ်နေတဲ့အတွက်ပါပဲ။ နောက်တစ်ချက်ကတော့ ငွေကြေးဖောင်းပွနေတဲ့ အချိန်မှာ Fixed Assets နဲ့ Stock တွေရဲ့ ဈေးနှုန်းတွေတက်လာပါတယ်။ ဒါတွေကို ပြုပြင်အစားထိုးဖို့ ၊ ထပ်ဖြည့်ဖို့အတွက် (Retained Profit) ထိန်းသိမ်းထားတဲ့ အမြတ်က မလုံလောက်နိုင်တော့ပါဘူး။ အဲဒီလို မလုံလောက်တဲ့အခါ  ကာလတိုချေးငွေ Short term Finance ကနေ ရင်းနှီးငွေရှာတဲ့အတွက် Overtrading အခြေအနေ ဖြစ်ပေါ်လာပါတယ်။

ဒီလို Overtrading အခြေအနေမျိုးကို ဘယ်လိုဖြေရှင်းနိုင်မလဲ။

ရှယ်ယာတွေကို ထုတ်ရောင်းခြင်းအားဖြင့် Share Capital ကို တိုးချဲ့  ခြင်းကနေ ရင်းနှီးငွေ တိုးလာစေပါတယ်။ အဲဒီနည်းနဲ့ ဘဏ္ဍရေးဆိုင်ရာ ကျပ်တည်းမှု့ကို တနည်းတလမ်းဖြေရှင်းနိုင်ပါတယ်။  နောက်တစ်ချက်အနေနဲ့  Inventory နဲ့ Accounts Receivables တွေကို ပိုပြီး ထိန်းချုပ်ဖို့ ပိုကောင်းတဲ့ Working Capital Management လိုအပ်ပါတယ်။ ဒီလိုထိန်းချုပ်တဲ့ အခါ Current Assets တွေမှာ ရင်းနှီးမြုပ်နှံထားမှု့ ကျဆင်းစေပြီး လုပ်ငန်းမှာ ငွေမကျပ်တော့ဘဲ လည်ပတ်နိုင်မှာပါ။ ကုန်စည်တွေအတွက် JIT နဲ့ EOQ system  သုံးပြီး ထိန်းချုပ်နိုင်သလို Accounts Receivables တွေအတွက်လည်း Discount ပေးခြင်း၊  Factoring (ကြွေးတောင်းပေးတဲ့ ကုမ္ပဏီမျိုး. ဒီအကြောင်းကို နောက်ခေါင်းစဉ်မှာ အကျယ်ရေးပါဦးမယ်) သို့ လုပ်ဆောင်စေခြင်း နဲ့ Credit Control procedure (ကြွေးပေးတဲ့စနစ်ကို ထိန်းချုပ်ခြင်း)ကို တင်းကျပ်စေခြင်းနဲ့ ထိန်းချုပ်နိုင်ပါတယ်။

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Economic Order Quantity (EOQ)

“မှာယူသင့်တဲ့ ကုန်စည်အရေအတွက် ပမာဏကို ဆုံးဖြတ်ခြင်း”

ဒီပို့စ်လေးကို မဖတ်ခင် Inventory Management နဲ့ J.I.T System ကို အရင် လေ့လာကြည့်စေချင်ပါတယ်။ ဒါမှ ဒီ EOQ System လေးကို အချိတ်အဆက်မိမိ နားလည်လွယ်နိုင်မယ် ထင်ပါတယ်။

Inventory Management လုပ်တဲ့နေရာမှာ နောက်ထပ်အသုံးများတဲ့ နည်းလမ်းတစ်ခုကတော့ Economic Order Quantity (EOQ) Model ပဲဖြစ်ပါတယ်။ EOQ က မှာယူစားရိတ် (Ordering Cost)နဲ့ ကုန်စည်သိုလှောင်မှု့စားရိတ်(Holding Cost)တွေကို အနည်းဆုံးဖြစ်စေမယ့် မှာယူသင့်တဲ့ပမာဏ(Optimum Order size)ကို ဆုံးဖြတ်ရာမှာ အသုံးပြုပါတယ်။ ကုန်စည်(stock)တွေသိုလှောင်ထားမှု့ကို လျော့ချခြင်းဖြစ်တဲ့ အတွက် လုပ်ငန်းမှာ လည်ပတ်နေတဲ့ ရင်းနှီးမြုပ်နှံငွေ Working Capital မှာလျော့ကျသွားစေနိုင်ပြီး စုစုပေါင်း အမြတ်ပမာဏ Overall Profitability ကို တိုးစေနိုင်မှာဖြစ်ပါတယ်။

(Holding Cost)ကတော့ ရေးပြီးသားမို့ ထပ်မပြောတော့ပါဘူး။
Ordering Cost မှာဆိုရင်
(၁) မှာယူဖို့ စီမံခန့်ခွဲမှု့စားရိတ်(Administrative Cost) ၊
(၂) သယ်ယူပို့ဆောင်ရေးစားရိတ်(Transportation Cost) တွေနဲ့
(၃) အပြင်က မှာယူတာမျိုးမဟုတ်ဘဲ Internal department (department တစ်ခုက နောက် department တစ်ခုအတွက် ထုတ်လုပ်ပေးခြင်းမျိုး)က ထုတ်ကုန်အတွက် ကုန်ကျတဲ့စားရိတ် (Production Run Cost) တွေကို ထည့်သွင်းစဉ်းစားရပါမယ်။

ဒီနေရာမှာ ကျွန်မတို့ ကုန်စည်တွေကို များများမှာရင် Holding Cost က ပိုမိုကုန်ကျမှာ ဖြစ်ပြီး  Ordering Cost အနေနဲ့ကတော့ မကြာခဏ မှာစရာမလိုတဲ့အတွက် နည်းသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ကုန်စည်နည်းနည်းမှာရင် Holding Cost က နည်းသွားပြီး Ordering Cost ကတော့ များလာမှာဖြစ်ပါတယ်။

EOQ

C = Ordering Cost per unit
D= Annual Demand
H= Holding Cost per unit

EOQ Model ကတော့ Holding Cost နဲ့ Ordering Cost အပေါ် အခြေခံပြီးတွက်ချက်ထားခြင်းဖြစ်ပါတယ်။ ဒီEOQ Model ရဲ့ ယူဆချက်တွေကတော့
(၁) တစ်နှစ်စာ ဝယ်လိုအား(Annual Demand)၊
(၂) ကြာချိန်(Leadtime)၊
(၃) တစ်ယူနစ် ဈေးနှုန်း(Purchase unit price) / Discount မရှိဟု ယူဆထားခြင်း၊
(၄) မှာယူတဲ့ စားရိတ် (Ordering Cost)
တွေကို ပုံသေ(Constant) အဖြစ် ယူဆထားပါတယ်။

တကယ့်လက်တွေ့မှာတော့ ကုန်ကျစားရိတ်(Cost)၊ မှာယူတဲ့ ကြာချိန် တွေကလည်း ခန့်မှန်းထားသလို မဖြစ်ဘဲ အမြဲတမ်းပြောင်းလဲနေပြီး ဝယ်လိုအား(Demand)ကလည်း တသတ်မတ်တည်း ဘယ်လိုမှ မရှိနေနိုင်တာပါပဲ။

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Just- In – Time System (JIT)

Inventory Management လုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ နည်းလမ်းတွေထဲက Just . In. Time System ကို အရင်ဆွေးနွေးကြည့်ကြရအောင်နော်။

JIT System ဆိုတာ အလွယ်ကူဆုံးပြောရရင် ကုန်စည်ကို သိုလှောင်ထားခြင်းမရှိတာပါပဲ။ အခု Modern Manufacturing Environment မှာ လုပ်ငန်းတွေက Holding Cost တွေကုန်ကျမှာစိုးလို့ ကုန်စည်ကို တတ်နိုင်သလောက် လျော့ချနေကြတဲ့ အချိန်မှာ JIT System က အရေးပါလာပါတယ်။ ကုန်စည်ကို ထုတ်လုပ်ကာနီး ဖြစ်နိုင်သမျှ နောက်ဆုံးအချိန်မှသာ ရရှိပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု့ကို Suppliers ကသာ တာဝန်ယူတဲ့အတွက် Holding Inventory နဲ့ပတ်သက်ပြီး အများကြီး တာဝန်သက်သာပါတယ်။

အကျိုးကျေးဇူးတွေ အနေနဲ့ကတော့

· ကုန်စည်တွေ သိုလှောင်ဖို့ မလိုတဲ့ အတွက် Holding Cost တွေ သက်သာနိုင်မယ်။

· ထုတ်လုပ်မှု့ ကြာချိန်ကို လျော့ချနိုင်မယ်။

· Rework နဲ့ Warranty Cost တွေ သက်သာမယ်.။

· Non – value – Added Costs (ဥပမာ- ကုန်စည်ရဲ့ တန်ဖိုးကို မတိုးစေဘဲ တိုက်ရိုက်ကောက်ခံခွင့်မရှိတဲ့ စီမံခန့်ခွဲမှု့ ကုန်ကျစားရိတ်) တွေ လျော့ကျလာနိုင်မယ်။

· လုပ်သားတွေရဲ့  ထုတ်လုပ်မှု့ စွမ်းရည် ( Labour Productivity) တိုးတက်လာမယ်။

· လုပ်ငန်းရဲ့  လည်ပတ်မှု့ အရင်းအနှီး (Working Capital) မှာ မြုပ်နှံထားတဲ့ အရင်းအနီးပမာဏလည်း လျော့ကျသွားစေနိုင်မှာ ဖြစ်တယ်။

· ရောင်းသူနဲ့ ဝယ်သူကြားမှာ Strong Relationship ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီတော့ Supplier နဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက် ရင်းနှီးမြုပ်နှံမှု့တွေ ပြုလုပ်လာနိုင်ပါတယ်။ JIT system နဲ့ Total Quantity Management Approach ကို တွဲသုံးတဲ့ လုပ်ငန်းတွေမှာဆိုရင် ချို့ ယွင်းချက်ရှိတဲ့ ထုတ်ကုန် (Defective Product) တွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ JIT system ကို အသုံးပြုပြီဆိုရင် လုပ်ငန်းရဲ့  ကဏ္ဍအားလုံးက ထိထိရောက်ရောက် လုပ်ဆောင်လည်ပတ်နေဖို့ လိုပါလိမ့်မယ်။

Disadvantages အနေနဲ့ စဉ်းစားကြည့်ကြရအောင်။

JIT system က Demand Pull system (ကုန်မှာမှ ထုတ်လုပ်တာမျိုး)ဖြစ်ပါတယ်။Demand pull system ဖြစ်လို့ Demand ဘယ်လောက်ရှိနိုင်သလဲ ကြိုတင်ခန့်မှန်းထားရပါမယ်။ ဒီတော့ ခန့်မှန်းထားသလို မဖြစ်ဘူး၊ Demand တွေက တိုးလာမယ်၊ ဒါဆို မှာထားတဲ့ ကုန်တွေ မလောက်ဘူးဆိုပါတော့။ ထုတ်လုပ်မှု့မှာ Efficient မဖြစ်နိုင်တော့ပါဘူး။ Stock-out Cost Effect တွေ ဖြစ်လာနိုင်ပါတယ်။

ကျွန်မတို့က ကုန်စည်ကို နောက်ဆုံးအချိန် ထုတ်လုပ်ကာနီးမှ မှာယူတဲ့အတွက် အရည်အသွေး(Quality) နဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ အချိန်မရှိနိုင်ဘူး။ နောက်ပြီး အချိန်မှီရောက်ရှိနိုင်ဖို့ အရေးကြီးတယ်။ ဒီ အရည်အသွေးနှင့် အချိန်မှီရောက်ရှိနိင်ရေး (Quanlity and Delivery in time) က Supplier အပေါ်အများကြီး မှီတည်နေရပါတယ်။ တကယ်လို့ အချိန်မှီသာ မရောက်ရှိလာနိုင်ရင် Production မှာလည်း နောက်ကျသွားစေမှာဖြစ်တဲ့ အတွက် customer တွေကို အချိန်မှီမပို့ဆောင်နိုင်တော့ပါဘူး။ ဒီအခါ နာမည်ကောင်း (Goodwill)၊ ရောင်းအား(Future Sales) ကို ထိခိုက်လာနိုင်ပါတယ်။

ဒီတော့ ကျွန်မတို့ Quality နဲ့ Delivery အချိန်မှီရောက်ဖို့ကို ဘယ်လိုလုပ်သင့်သလဲ။ Suppliers တွေကို Guarantee တောင်းမလား၊ Penalty ကျခံစေမလား။ ဒါဆိုရင်တော့ ဝယ်ယူရတဲ့ ဈေးနှုန်းတက်သွားနိုင်ပါတယ်။ အဲဒီအခါ နောက်ထပ် ကုန်စည်တွေအတွက် ယုံကြည်ရတဲ့ supplier အသစ်ကို အချိန်တိုအတွင်း လွယ်လွယ်ကူကူရှာလို့တွေ့နိုင်မှာ မဟုတ်ပါဘူး။

နောက်ပြီး JIT System ကို Stock- out Cost Effect အများကြီးရှိနိုင်တဲ့ လုပ်ငန်းအမျိုးအစားတွေမှာ အသုံးပြုဖို့ မသင့်တော်ပါဘူး။ ဥပမာ- ဆေးရုံ၊ စားသောက်ဆိုင်မျိုးတွေလို လုပ်ငန်းမျိုးမှာ မသင့်တော်ပါဘူး။ အသုံးပြုဖို့ ကုန်စည်ပြတ်လပ်သွားခြင်းနှင့် သယ်ယူပို့ဆောင်ရေး မှာ နှောင့်နှေးခြင်း တစ်စုံတရာ ဖြစ်ပေါ်ခဲ့ရင် ကြီးမားတဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ်လာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Inventory Management

လုပ်ငန်းတွေက ဘာကြောင့်မို့ ကုန်စည်တွေကို သိုလှောင်ထားချင်တာလဲ။

• မမျှော်လင့်ထားတဲ့ ဝယ်လိုအား (unexpected demand) တွေအတွက် ကုန်စည်တွေ အသင့်ရှိနေစေဖို့
• ကုန်စည်ပြတ်လပ်မှု (Future Shortage)ကို ကာကွယ်နိုင်ဖို့
• ရာသီအလိုက် ဝယ်လိုအားနှင့် အသုံးပြုမှု့(seasonal demand and usage) ပြောင်းလဲမှု့ကို လိုက်ပြီး ကာမိစေဖို့
• ထုတ်လုပ်မှု့ (Production Process) မှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့
• ငွေကြေးဖောင်းပွမှု့ (Inflation)ကို ကာကွယ်နိုင်ဖို့ (ဈေးတက်လာမှာစိုးလို့)
• များများဝယ်ရင် Discount ရရှိနိုင်မယ် စတဲ့ အချက်တွေကြောင့် ကုန်စည်တွေကို သိုလှောင်ထားချင်ပါတယ်။

ဒါပေမယ့် အဲဒီလိုသိုလှောင်မှု့အနေနဲ့ ဘာတွေ ဖြစ်စေနိုင်သေးလဲဆိုတော့
ကုန်စည်အများကြီး မှာထားရင် ကျွန်မတို့အနေနဲ့ ထားသိုဖို့ နေရာတွေ ပိုမိုလိုအပ်လာလိမ့်မှာပေါ့။ ဒီတော့ warehouse chargesတွေ. ဒီကုန်စည်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ထမ်းတွေအတွက် Staff Cost တွေ. အာမခံထားမယ်ဆိုရင် အာမခံကြေးတွေ (Insurance Cost)တွေ စတဲ့ Holding Cost တွေ ပိုမိုကုန်ကျလာနိုင်မယ်။ နောက်ပြီး ပစ္စည်းတွေက အသုံးမပြုဖြစ်ဘဲ warehouse ထဲမှာပဲ ပုံနေမယ်ဆိုရင်Out of Date ဖြစ်လာမယ့် Risk of Obsolescence ကို ရင်ဆိုင်ရပါမယ်။ နောက်ဆုံးအနေနဲ့ ပျက်စီးယိုယွင်းသွားခြင်း (Deterioration)ဖြစ်လာပြီဆိုရင် ပြန်ရောင်းလို့တောင်မရနိုင်ဘဲ စွန့်ပစ်လိုက်ရမှာဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်မတို့က ကုန်စည်တွေကို လျော့ပြီးဝယ်ကြမှာလား။ ဒါဆိုရင်ကော ဘာဖြစ်နိုင်သလဲ။

Customers’ Demand တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်တဲ့ ကုန်စည်ပမာဏမရှိရင် ၊ အချိန်မှီ Supply မလုပ်ပေးနိုင်ရင် customer တွေက ကိုယ့်ဆီကမဝယ်တော့ဘဲ Future Sales မှာ ထိခိုက်နိုင်ပါတယ်။ ဒီတော့ ကျွန်မတို့ လုပ်ငန်းရဲ့ အမြတ်ကို ထိခိုက်နိုင်တာပေါ့။ ဒါ့အပြင် customerတွေကို လိုအပ်တဲ့ အချိန်မှာ supply မလုပ်ပေးနိုင်တဲ့ အတွက် ကျွန်မတို့လုပ်ငန်းဟာ supplier အနေနဲ့ နာမည်ကောင်း (goodwill) ကို ဆုံးရှုံးရပါဦးမယ်။

တကယ်လို့ ကျွန်မတို့လုပ်ငန်းက Trading မဟုတ်ဘဲ Production လုပ်ငန်းမျိုးဆိုပါတော့။

ကုန်စည်ပြတ်လပ်သွားတဲ့အခါ ကျွန်မတို့ဟာ ထုတ်လုပ်မှု့( Production Process) လည်ပတ်မှု့ ရပ်တန့်နေပေမယ့်လည်း Cost of Production Stoppages လို့ခေါ်တဲ့ ကုန်ကျစားရိတ်တွေ ကုန်ကျနေမှာပါပဲ။ (ဥပမာ. လုပ်ငန်းရပ်နေပေမယ့် Labour cost က ဆက်လက်ကုန်ကျနေတာမျိုး)။ Production Run တစ်ခုအတွက် လိုအပ်တဲ့ ကုန်စည်ပမာဏ မပြည့်ဘူးဆိုရင် ဒီ Production ကို လုပ်နိုင်ဖို့ ကျွန်မတို့က ထပ်ဝယ်ရမယ်။ အဲဒီလို quantity နည်းနည်းကို ခဏခဏမှာနေရတဲ့ အခါမျိုး၊ အမြန်လိုချင်တဲ့ အခါမျိုးမှာဆိုရင် ကျွန်မတို့က ကုန်ကြမ်းတွေအတွက် ဈေးနှုန်းမြင့်ပြီး ဝယ်ကောင်းဝယ်ရပါလိမ့်မယ်။ နောက်ဆုံးတော့ ကုန်ကျစားရိတ်တွေ တက်လာမယ်၊ ရောင်းအားတွေ ကျလာမယ်ဆိုရင် ကျွန်မတို့လုပ်ငန်းရဲ့  Overall Profit ကို ထိခိုက်မှာ အမှန်ပါပဲ။

ဒီတော့ ကျွန်မတို့က ကုန်စည်ကိုလည်း အများကြီးမမှာသင့်သလို နည်းနိုင်သလောက် နည်းပြီးတော့လည်း မမှာသင့်ပါဘူး။ ဒီလိုမျိုး Effect တွေကို တတ်နိုင်သလောက် လျော့ချနိုင်ဖို့ ကုန်စည်တွေကို ဘယ်လိုစီမံခန့်ခွဲပြီး မှာယူသင့်လည်း ဆိုတဲ့ Inventory Management မှာ ကျွန်မတို့ လေ့လာကြရပါမယ်။

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS

Small and Medium Enterprises (SME)

ဒီတစ်ခါ ကျွန်မတို့ SME လုပ်ငန်းတွေ အကြောင်း လေ့လာကြည့်ကြရအောင်။

SME ဆိုတာ အသေးစားလုပ်ငန်းနဲ့ အလတ်စားအရွယ် လုပ်ငန်းမျိုးကို ဆိုလိုတာပါ။ SME လုပ်ငန်းတွေဟာ အများသောအားဖြင့် တစ်ဦးတစ်ယောက်ပိုင် သို့မဟုတ် မိသားစုပိုင် လုပ်ငန်းများသာ ဖြစ်ပါတယ်။ SME လုပ်ငန်းတွေဟာ နောက်ထပ်လိုအပ်သော ရင်းနှီးငွေ(Additional Finance) တွေကို အများသောအားဖြင့် ပိုင်ရှင်တွေဆီကသာ ရရှိနိုင်ပါတယ်။ Stock Market မှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ Unquoted Firms တွေလည်း ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုကို ဘယ်လိုအခြေအနေမျိုးမှာ SME လုပ်ငန်းအဖြစ် သတ်မှတ်ကြသလဲ။

Small Enterprises

ပိုင်ရှင်အပါအဝင် လုပ်သား ၅၀ အောက် ပါဝင်တဲ့ လုပ်ငန်းဖြစ်ပြီး တစ်နှစ်ရောင်းရငွေ (၁၀) သန်းအောက်နှင့် Balance Sheet ပမာဏ (၁၀) သန်းအောက်သာ ရှိရပါမယ်။

Medium-sized Enterprises

လုပ်သားအရေအတွက် ၅၀ မှ ၂၄၉ ယောက်ကြား ရှိပြီး တစ်နှစ်ရောင်းရငွေ သန်း (၅၀) အောက်နှင့် Balance Sheet ပမာဏ (၄၃) သန်း အောက်ရှိရပါမယ်။

နောက်ထပ် SME တွေအနေနဲ့ Additional Finance အတွက် ပြင်ပကနေ ရရှိနိုင်ဖို့ ဘာကြောင့် ခက်ခဲတာလဲဆိုတာကို စဉ်းစားကြည့်ကြရအောင်။

SME တွေအနေနဲ့ Additional Finance အတွက် စာရွက်စာတမ်းအမြောက်အများ လိုအပ်ပါတယ်။

SME လုပ်ငန်းတွေရဲ့  ရင်းနှီးငွေ (Capital )မှ အကြွေးဖြင့် ရင်းနှီးမြှပ်နှံခြင်း(Debt Finance)အပိုင်းက ကာလတို (Short term Finance)တွေသာ ဖြစ်ပါတယ်။ အချိန်တိုတိုအတွင်းမှာ ပြန်ဆပ်ရမှာ ဖြစ်လို့ စွန့်စားရမှု့ (Level Of Risk) ပိုများပါတယ်။ ဒါကြောင့် Loan ရရှိနိုင်ဖို့ ထို loan နှင့် ညီမျှသော အပေါင်ပစ္စည်း (Security Requirement) သို့မဟုတ် အာမခံ ( Personal Guarantee) လိုအပ်ပါတယ်။ Overdraft နဲ့ Bank Loan တွေအတွက် အတိုးနှုန်း မြင့်ပြီး ချေးယူနိုင်တဲ့ ကာလလည်း နည်းမှာ ဖြစ်ပါတယ်။

Stock Market မှာListing လုပ်ဖို့ ခက်ခဲတာကြောင့် SME လုပ်ငန်းတွေရဲ့  Share တွေကို Stock Market မှာ ရောင်းချနိုင်စွမ်း (Marketability) မရှိနိုင်ပါဘူး။ Marketability မရှိတဲ့အတွက်Share Price တွေ ဈေးကျလာပါတယ်။ Finance လုပ်ရာမှာလည်း အသုံးစားရိတ်တွေ ပိုသုံးရပါမယ်။ Tax Consideration အနေနဲ့ လည်း ရင်းနှီးမြှပ်နှံသူ (Investors) တွေကို SME လုပ်ငန်းတွေမှာထက် Large Institution မှာ မြှပ်နှံခြင်းက အကျိုးအမြတ် ပိုရစေနိုင်ပါတယ်။ ဒီအချက်တွေကြောင့် SME တွေမှာ ရင်းနီး မြုပ်နှံခြင်းထက် Large Firms တွေမှာ ရင်းနီးမြုပ်နှံရတာကို ပိုနှစ်သက်ကြပါတယ်။

Tags:

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • Twitter
  • RSS