Apple ရဲ့ CEO ဖြစ်သူ Steve Jobs (အသက် ၅၆ နှစ်) သည် အောက်တိုဘာလ ၅ ရက်နေ့တွင် ကွယ်လွန်သွားကြောင်းသိရှိရပါသည်။
ဘာရောဂါကြောင့် ကွယ်လွန်သွားလဲဆိုတာမသိရပေမယ့် ၂၀၀၄ ခုနှစ်လောက်ကစပြီး Pancreas Cancer ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကုမ္ပဏီကနေ ဆေးခွင့်ယူပြီး Methodist University Hospital Transplant Institute မှာ အသဲအစားထိုး ကုသခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာရေးက ကောင်းမလာခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ CEO အဖြစ်မှ အနားယူခဲ့ပါတယ်။
Steve Jobs ရဲ့ ဘဝတစ်လျှောက်လုံး အသစ်တီထွင်မှုတွေကို တွေ့ရမှာပါ။ သူထွင်ခဲ့တဲ့ ပစ္စည်းတွေကလဲ လူနေမှုဘဝနဲ့ နည်းပညာအသစ်တွေကို ဖြစ်ပေါ်လာစေပါတယ်။ အထူးသဖြင့် အခုသုံးနေကြတဲ့ iPad, iPhone, iPod စတဲ့ပစ္စည်းတွေဆို အလွန်ကိုအရောင်းသွက်ခဲ့ပါတယ်။
အောင်မြင်မှုတွေ အနေနဲ့က ၁၉၈၄ ခုနှစ်မှာ သမ္မတ Ronald Reagan က National Medal of Technology ကိုပေးအပ်ခြင်းခံရပါတယ်။
သူ့ရဲ့ သေဆုံးမှုက Apple ကုမ္ပဏီအတွက် ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောလို့မရသေးပါဘူး။
ဒါပေမယ့် ကျွန်တော်တို့အတွက် နည်းပညာအသစ် တီထွင်တတ်သူတစ်ယောက်လျော့သွားတာတော့ အမှန်ပါ။









